အတွင်းစိတ် စင်ကြယ်ခြင်း/အကြောင်း သွန်သင်တော်မူခြင်း
7
တစ်နေ့/တွင် ဖာရိရှဲများ/နှင့် ဂျေရုဆလင်မြို့/မှ ရောက်လာကြသော ကျမ်းတတ်ဆရာ/တချို့/သည် ယေရှု/ထံတော်သို့/လာရောက် စုဝေးကြ၏။ 2 ထိုအခါ တပည့်တော်/တချို့/သည် အစာ/မစား/မီ ဂျူးဓလေ့ထုံးတမ်း/အရ လက်ဆေးခြင်း/အစဉ်အလာ/ကို လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ဖာရိရှဲများ/နှင့် ကျမ်းတတ်ဆရာများ/က တွေ့မြင်ကြ၏။ 3 (ဖာရိရှဲများ/မှစ၍ ဂျူးလူမျိုး/အပေါင်းတို့/သည် ရှေးလူကြီးတို့/၏ ဓလေ့ထုံးတမ်း/ကို စောင့်ထိန်းသော/အားဖြင့် လက်/ကို ကျင့်ထုံး/အတိုင်း မဆေးကြောဘဲ အစာ/စားလေ့/မရှိကြ။a 4 ထို/နည်းတူ ဈေး/မှ ပြန်လာ/သောအခါ/၌လည်း လက်/ကို မဆေးကြောဘဲb စားလေ့/မရှိကြ။ ထို့ပြင် ခွက်၊ ကရား/နှင့် ကြေးဖလားတို့c/ကို ဆေးကြောခြင်း/အစဉ်အလာ/စသည့် အခြားသော ဓလေ့ထုံးတမ်းများ/လည်း ရှိ၏။)5 ထို့ကြောင့် ဖာရိရှဲများ/နှင့် ကျမ်းတတ်ဆရာများ/က “သင်/၏/တပည့်တို့/သည် ရှေးလူကြီးများ/၏ ဓလေ့ထုံးတမ်း/ကို အဘယ်ကြောင့် မလိုက်နာကြသနည်း။ သူတို့/သည် အစာ/မစား/မီ ဂျူးဓလေ့ထုံးတမ်း/အရ လက်ဆေးခြင်း/အစဉ်အလာ/ကို မလိုက်နာဘဲ စားကြသည်” ဟု ဆိုကြ၏။
6 ယေရှု/က “သူတော်ကောင်း/ယောင်ဆောင်သူတို့… သင်တို့/အကြောင်း/ကို ဟေရှာယ ကြိုတင်ဟောသည်/မှာ မှန်လှ၏။
‘ဤ/သူတို့/သည် ငါ့/ကို နှုတ်/ဖြင့် ရိုသေကြ၏။
သို့သော် သူတို့/၏ စိတ်နှလုံး/မှာမူ ငါ/နှင့် ဝေးကွာလှ၏။
7 သူတို့/သည် လူ့/စည်းမျဉ်းတို့/ကို ဘုရားသခင်/ထံမှ/လာသော သွန်သင်ချက်များ/အဖြစ် သွန်သင်ကြ၏။
သို့ဖြစ်၍ ငါ့/ကို သူတို့/ကိုးကွယ်ကြသည်/မှာ အချည်းနှီး/ဖြစ်၏’d
ဟူ၍ ကျမ်းစာ/၌ ရေးသားထားသည့်/အတိုင်း 8 သင်တို့/သည် ဘုရားသခင်/၏ ပညတ်တော်/ကို ပယ်/၍ လူတို့/၏ ဓလေ့ထုံးတမ်းများ/ကို အစားထိုး/လိုက်နာကြ၏” ဟု မိန့်တော်မူ၏။
9 ဆက်လက်/၍ ကိုယ်တော်/က “သင်တို့/သည် မိမိတို့/၏ ဓလေ့ထုံးတမ်း/ကို ထိန်းသိမ်း/ရန်အတွက် ဘုရားသခင်/၏ ပညတ်တော်/ကို ပစ်ပယ်ကြ၏။ 10 မောရှေ/က ‘မိဘ/ကို ရိုသေလော့။e မိဘ/ကို ကျိန်ဆဲသော/သူ/သည် အမှန်/သေရမည်’f ဟူသော ဘုရားသခင်/၏/ပညတ်တော်/ကို ပေးခဲ့၏။ 11 သင်တို့/ကမူ ‘မိဘ/အား ထောက်ပံ့ရမည့် ပစ္စည်းg/ရှိ/သော်လည်း ထို/ပစ္စည်း/ကို ဘုရားသခင်/အား လှူဒါန်းပြီး/ဖြစ်/ပါက သူတို့/ကို ထောက်ပံ့/ရန် မလိုတော့’ ဟု သွန်သင်ကြ၏။ 12 ဤ/နည်း/ဖြင့် သင်တို့/သည် မိဘ/ကို လုပ်ကျွေးပြုစု/ရန် မလိုအပ်ကြောင်း လူတို့/ကို သွန်သင်ကြ၏။ 13 ဤသို့ဖြင့် သင်တို့/သည် သင်တို့/၏/ဓလေ့ထုံးတမ်း/ကို လက်ဆင့်ကမ်း/၍ ဘုရားသခင်/၏/ပညတ်တော်/ကို ပစ်ပယ်ကြ၏။ ထိုသို့သော အမှု/များစွာတို့/ကိုလည်း သင်တို့/ပြုကြ၏” ဟု မိန့်တော်မူ၏။
14 ထို့နောက် ကိုယ်တော်/သည် လူထု/ပရိသတ်/ကို ခေါ်/၍ “သင်တို့/အားလုံး/သည် ငါ့/စကား/ကို နားထောင်/၍ နားလည်/ရန် ကြိုးစားကြလော့။ 15 လူ/၏/ပြင်ပ/မှ လာ/၍ လူ/အတွင်း/သို့ ဝင်သော/အရာ/သည် လူ/ကို မညစ်ညမ်းစေပါ။ သို့သော် လူ့/စိတ်နှလုံး/မှ ထွက်လာသော/အရာများ/သည်သာ လူ/ကို ညစ်ညမ်းစေ၏။ 16 နား/ရှိသောသူ/သည် ကြား/၍ နားလည်ပါစေh” ဟု မိန့်တော်မူ၏။
17 ကိုယ်တော်/သည် လူထု/ပရိသတ်/ထံမှ ထွက်ကြွ/၍ အိမ်တစ်အိမ်/သို့ ဝင်တော်မူ/လျှင် တပည့်တော်တို့/က ထို/ဆိုရိုးစကား/၏ အဓိပ္ပာယ်/ကို မေးလျှောက်ကြ၏။ 18 ထိုအခါ ကိုယ်တော်/က “သင်တို့/သည်လည်း နားမလည်ဘဲ ရှိနေကြ/သေးသလော။ လူ့/အတွင်း/သို့ ဝင်/သမျှသော/အစာ/သည် လူ/ကို မညစ်ညမ်း/စေနိုင်ကြောင်း/ကို သင်တို့/မသိကြသလော။ 19 အဘယ်ကြောင့်ဆိုသော် အစာ/သည် စိတ်နှလုံး/ထဲသို့ မဝင်။ ဝမ်း/ထဲသို့/ဝင်/ပြီးမှ ရေအိမ်/သို့/စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်း/အားဖြင့် အစားအစာ/ဟူသမျှ/သည် သန့်ရှင်းကြောင်း/ကို ဖော်ပြတော်မူ၏။
20 တစ်ဖန် ယေရှု/က “လူ့/အတွင်း/မှ ထွက်လာသော/အရာ/သည်သာ လူ/ကို ညစ်ညမ်းစေ၏။ 21 အဘယ်ကြောင့်ဆိုသော် မကောင်းသော/ကြံစည်ခြင်း၊ တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊ 22 သူတစ်ပါး/သားမယား/ကို/ပြစ်မှားခြင်း၊ လောဘ/လွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်/လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကား/ပြောဆိုခြင်း၊ မာန/ထောင်လွှားခြင်း/နှင့် ပညာမဲ့ခြင်း၊ 23 စသည့် ဆိုးညစ်သော/အရာများ/သည် စိတ်နှလုံး/မှ ထွက်လာ/၍ လူ/ကို/ညစ်ညမ်းစေသည်” ဟု မိန့်တော်မူ၏။
လူမျိုးခြား/အမျိုးသမီး/တစ်ဦး/၏ ယုံကြည်ခြင်း
24 ထို့နောက် ယေရှု/သည် ဂါလိလဲပြည်/မှ ထွက်ခွာတော်မူ/၍ တိုင်ရာမြို့i/၏ အရပ်ဒေသ/သို့ ကြွတော်မူ/ကာ အိမ်/တစ်အိမ်/သို့ ဝင်တော်မူ၏။ ထို/အိမ်/၌ တည်းခိုနေတော်မူကြောင်း မည်သူ့/ကိုမျှ သိစေလိုတော်/မမူပေ။ သို့သော်လည်း ပုန်းရှောင်တော်မူ/၍ မရပေ။ 25 နတ်ဆိုးပူးသော မိန်းကလေး/တစ်ဦး/၏ မိခင်/ဖြစ်သူ/သည် သတင်းတော်/ကို ကြား/သဖြင့် ချက်ချင်း/လာ/၍ ကိုယ်တော်/၏ ခြေတော်ရင်း/တွင် ပျပ်ဝပ်လေ၏။ 26 ထို့နောက် မိမိ/သမီး/ထံမှ နတ်ဆိုး/ကို နှင်ထုတ်ပေးတော်မူ/ရန် တောင်းပန်လေ၏။ ထို/အမျိုးသမီး/သည် ဂရိလူမျိုး၊ ဆီးရီးယား/ဖိုနီးရှား/ပြည်သူ/တစ်ဦး/ဖြစ်၏။ 27 ယေရှု/က “သားသမီးများ/ကို ဦးစွာ ဝအောင်/ကျွေးရ၏။ သားသမီးတို့/၏ မုန့်/ကို/ယူ/၍ ခွေးများ/အား မချကျွေးသင့်” ဟု တုံ့ပြန်တော်မူ၏။
28 အမျိုးသမီး/က “မှန်ပါသည် သခင်။ သို့သော်လည်း စားပွဲ/အောက်/ရှိ ခွေးများ/ပင်လျှင် သားသမီးတို့/၏/စားကြွင်းစားကျန်များ/ကို စားခွင့်/ရပါသည်” ဟု လျှောက်လေ၏။
29 ထိုအခါ ယေရှု/က “ဤသို့ သင့်လျော်/စွာ ဆို/သောကြောင့် ယခု သင်/အိမ်/သို့ ပြန်လော့။ နတ်ဆိုး/သည် သင့်/သမီး/ထံမှ ထွက်သွားပြီ” ဟု မိန့်တော်မူ၏။ 30 ထို/အမျိုးသမီး/သည် အိမ်/သို့/ရောက်/သော် နတ်ဆိုး/သည် ထွက်သွား/၍ သမီး/ဖြစ်သူ/မှာလည်း အိပ်ရာ/၌ လဲလျောင်း/လျက်/ရှိသည်/ကို တွေ့ရလေ၏။
နားမကြားသော/သူ/ကို ကြားစေတော်မူခြင်း
31 ထို့နောက် ယေရှု/သည် တိုင်ရာမြို့/၏/အရပ်ဒေသ/မှ ထွက်ခွာ/၍ ဆီဒုန်မြို့/ကို ဖြတ်/ကာ ဒေကာပေါလိပြည်j/အလယ်ပိုင်း/မှ/တစ်ဆင့် ဂါလိလဲအိုင်/သို့ ကြွတော်မူ၏။ 32 ထိုအခါ လူတို့/သည် ဆွံ့အ/နားမကြားသော/သူ/တစ်ဦး/ကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ သူတို့/က “ဤ/သူ ကျန်းမာလာ/ရန်အတွက် သူ့/အပေါ် လက်တော်/ကို တင်တော်မူပါ” ဟု တောင်းပန်ကြ၏။
33 ယေရှု/သည် ထို/သူ/ကို လူအစုအဝေး/ထဲမှ သီးခြား/ခေါ်သွားတော်မူ၏။ ထို့နောက် လက်ညှိုးတော်တို့/ကို သူ/၏/နား/နှစ်ဖက်/ထဲသို့ ထည့်သွင်းတော်မူ၏။ တစ်ဖန် တံတွေးထွေး/၍ သူ/၏/လျှာ/ကိုလည်း တို့တော်မူ၏။ 34 ထို့နောက် ကောင်းကင်/သို့ မော့ကြည့်/၍ သက်ပြင်းချ/ကာ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်/မှာ “ပွင့်စေ” ဟု ဆိုလို၏။ 35 ချက်ချင်း/ပင် ထို/သူ/သည် နား/ပွင့်/၍ လျှာ/သွက်လာ/သဖြင့် စကား/ပီသ/စွာ ပြောနိုင်လေ၏။
36 ထို/အကြောင်း/ကို မည်သူ့/ကိုမျှ မပြော/ရန် ကိုယ်တော်/သည် လူတို့/ကို မှာကြားတော်မူ၏။ သို့သော်လည်း ထိုသို့ မှာကြားတော်မူ/လေ၊ သူတို့/သည် သတင်းတော်/ကို ပြောကြ/လေ/ဖြစ်၏။ 37 ထို/သူတို့/သည် အလွန်အမင်း အံ့အားသင့်/လျက် “ထို/အရှင်/ပြုသမျှ/သည် အံ့ဖွယ်/ဖြစ်၏။ နားမကြားသူ/ကို ကြားစေ/၍ ဆွံ့အသူ/ကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။